- Esay JSP
- Happy Hacking
- Java 7 ရဲ့ အခန်းဆက်
- Essential Java API
- Easy B Shell
- XML ဆီသို့ ခြေလှမ်းများ
- Play Framework
- အခြေခံ Database
- အခြေခံ Web Design
ဒီနေ့ကတော့ tech4mm မှာ Security နဲ့ပတ်သက်သော အကြောင်းကို ရေးသားဖြစ်ပါသည်။ တဖန် မနေ့ညက Easy B Shell ရဲ့ Built In Command များ အကြောင်းကို ရေးခဲ့ပါသည်။ ဒါလည်း ထစ်နေသော ပိုစ်တစ်ခု ဖြစ်ပါသည်။ JSP တွင်လည်း JSTL အကြောင်းကို ရေးရင်း ထစ်နေခြင်းဖြစ်ပါသည်။
ရေးပြီးစိတ်ပြေလက်ပျောက်အနေနဲ့ TCP/IP အကြောင်းကို လေ့လာခဲ့သည်။ ၂နာရီလောက် စာဖတ်ပြီးသော် အနည်းငယ်ပျင်းလာပါသဖြင့် မြန်မာဂျာဗားယူဇာဘလောဂ်တွင် တစ်ခုခုပြင်မှပဲဟု စဉ်းစားမိပါသည်။
ဟုတ်ပြီ jQuery ကို သုံးပြီး တစ်ခုခု ရေးမှပဲဟု။ Top 10 post များရှိပါသည်။ ဒီ လင့်ခ်တွေကို လှုပ်လှုပ်ရှားရှား ဖြစ်အောင်လုပ်မှပဲဟု။
သူရဲ့ ဖွဲ့စည်းပုံက DIV / UL / LI / A ဟုဖြစ်သည်။ Top 10 သည် blogger ၏ plugin တစ်ခုကို သုံးထားပါသဖြင့် အတွင်းပိုင်းကို အလွယ်တကူ ပြုပြင်၍မရပေ။ ဒါနဲ့ div ကို ကြည့်သည်။ class မှာ popular-posts ဟု ရေးသားသားသောကြောင့် jQuery နဲ့ Access လုပ်နိုင်သည်ဟု တွေးမိသည်။
အရင်တစ်ခေါက်ရေးထားသော side menu တွင် jquery ကို သုံးထားသောကြောင့် အဲ့ဒီထဲတွင် ပြင်ရေးရန် ဆုံးဖြတ်လိုက်သည်။
<script src="http://ajax.googleapis.com/ajax/libs/jquery/1.5/jquery.min.js"></script>
<script src="http://ajax.googleapis.com/ajax/libs/jqueryui/1.8/jquery-ui.min.js"></script>
<script>
$(document).ready(function() {
// Accordion Menu
$("#accordion").accordion({ autoHeight: false });
// Popular posts
$('div.popular-posts > ul > li > a').hover(
function() { //mouse in
$(this).animate({ paddingLeft: '20px' },400);
},
function() { //mouse out
$(this).animate({ paddingLeft: 0 }, 400);
}
);
// Tag cloud
$('a.tagcloud').hover(
function() { //mouse in
var size = parseFloat($(this).css('font-size'),10);
$(this).animate({ fontSize : size * 3 },400);
},
function() { //mouse out
var size = parseFloat($(this).css('font-size'),10);
$(this).animate({ fontSize : size / 3 }, 400);
}
);
});
</script>
အထက်ပါ Popular posts ကို ကြည့်ပါ။ $('div.popular-posts > ul > li > a') ဟု လင့်ခ် Tag ကို ဆက်သွယ်ပြီး၊ hover လုပ်ဆောင်ချက်ကို လုပ်ဆောင်စေပါသည်။ hover လုပ်ဆောင်ချက်၏ ပဋ္ဌမပါရာမီတာအဖြစ် ဘယ်ဘက်ကို peddingLeft လုပ်စေမည့် Animation ကို လုပ်ဆောင်စေမည့် လုပ်ဆောင်ချက်ကို သုံးပြီး၊ ဒုတိယပါရာမီတာအဖြစ် 0 px peddingLeft လုပ်ဆောင်စေမည့် လုပ်ဆောင်ချက်ကို ခေါ်ယူစေပါသည်။ နမှုနာကို စမ်းသပ်ကြည့်ပါ။
Popular Posts Sample
တဖန် Tag Cloud နမှုနာမှာ $('a.tagcloud').hoverဖြင့် Font Size ကို ၃ ဆကြီးစေခြင်း၊ ပြန်ငယ်စေခြင်းကို သုံးထားပါသည်။
Tag Cloud Sample
JQuery ကို အသုံးပြုခြင်း အားဖြင့် သင်၏ ဘလောဂ်ရှိ လင့်များကို လှပစေနိုင်ပါသည်။
No comments:
Post a Comment