Saturday, October 20, 2012

Japan Offshore ရဲ့ လက်ရှိအနေအထား ၂

ပြီးခဲ့တဲ့ တစ်ခေါက်က Japan Offshore ရဲ့ လက်ရှိအနေအထား ဆိုပြီး ခေါင်းစဉ်တက် ပြီးမှ အိပ်ငိုက်လာတဲ့အတွက် ပြီးအောင်မရေးနိုင်ခဲ့။ ဒါကြောင့် ဒီတစ်ခေါက်လည်း အဆိုပါခေါင်းစဉ် နဲ့ပဲ ဆက်ရေးပါဦးမည်။

Japan မှာ Offshore များကိုစတင်လုပ်ကိုင်လာခဲ့သည်မှာ သိပ်ပြီးမကြာသေးပေ။ ကျွှန်တော်ကျောင်းပြီးခါစ ၂၀၀၄ခုနှစ် လောက်တွင်ပင် Offshore လုပ်သမျှ အောင်မြင်တဲ့ ပရိုဂျက်ဟာ မကြားသေးဘူးဟု လူတိုင်း နီးပါး ပြောဆို နေခဲ့ကြ၏။

ပြီးခဲ့တဲ့ ပရိုဂျက်မှာ ဂျပန်နိုင်ငံ၏ အချက်အချာကျသော ဘဏ်တစ်ခု၏ ပရိုဂျက်ဖြစ်၏၊ အဲ့ဒီပရိုဂျက်တွင် ဦးစွာ Offshore များကို တွေ့ခဲ့ရ၏။ ပရိုဂျက်တစ်ခုတွင် များသောအားဖြင့် အဓိက ကုမ္ပဏီ ၄ခု ၅ခုလောက်ပေါင်းပြီး လုပ်ကိုင်နေသည်က များ၏။ Risk Management အတွက် ဖြစ်ပါသည်။ အကယ်၍ ကုမ္ပဏီတစ်ခုခုက မလုပ်နိုင်ရင်တောင် အခြားသော ကုမ္ပဏီများနှင့် ဆက်လက်လုပ်ကိုင် သွားနင်သောကြောင့် ဖြစ်၏။ နောက်တစ်ချက်မှာ Costပိုင်းဆိုင်ရာမှာ အပြိုင်အဆိုင်ရှိစေလိုသော အချက်လည်းပါမည် ထင်သည်။

ပြီးခဲ့တဲ့ တစ်ခေါက်က Japan ကုမ္ပဏီ ၄ ခုအတွင်း IBM သည် Offshore အား အသုံးပြုခဲ့၏။ Analysis နှင့် Design အား ဂျပန်ရှိ IBM က ရေးသားပြီး Coding နှင့် Test အား တရုတ်ပြည်တွင်း ရေးသားစေပါသည်။ Bug တွေများလွန်းသည်ဟု ထင်သော်လည်း Cost ပိုင်းဆိုင်ရာမှာ ဂျပန်မှာရေးသည်ထက် အဆပေါင်းများစွာ သက်သာခဲ့၏။

ဒီတစ်ခေါက် နော်မှုရာအရောက်တွင် Fund လုပ်ငန်းဖြစ်သောကြောင့် ဘဏ်လောက် မတင်းကြပ်သည်မှာမှန်၏။ သို့ရာတွင် အဖွဲ့အားလုံးလိုလို Offshore အား အသုံးပြုခဲ့၏။ အသုံးပြုခဲ့သော Framework ကအစ ကိုရီးယား လုပ် Framework များဖြစ်၏။ သုံးရသည်မှာ အဆင်မပြေခဲ့သော်လည်း အမြင်ပိုင်း ဆိုင်ရာမှာ မဆိုးလှပါ။ အသုံးပြုသူသည် အတွင်းပိုင်းမှာ ကောင်းကောင်း မကောင်းကောင်းသူ စိတ်မဝင်စားပါ။ ကြည့်လိုက်ရင် လှပလန်းဆန်းနေဖို့ပဲ လိုအပ်ပါသည်။ Transaction, Peek Connection, Performance နှင့် Reusable အစရှိသည့် စကားလုံးများအား စိတ်မဝင်စားပါ။ ကုန်ကျစရိတ်သက်သာပြီး လှပဆန်းသစ်နေရင် သွားဖြီးသွားမည် ဖြစ်သည်။

ဘာပဲပြောပြော အသုံးပြုသူ အကြိုက်ကို ရေးသားနိုင်ဖို့သာ အရေးကြီးပါသည်။ ပါးနပ်သော Developer ဆိုပါက အသုံးပြုသူအား နားလည်အောင် ရှင်းပြ၍ အကောင်းဆုံးကို ရေးသားသွားမည် ဖြစ်သည်။ သို့ရာတွင် လက်တွေ့မှာ အလွန်ခဲရင်းပါသည်။ စကားဝေးသွားပြန်ပြီ။ ဒီတစ်ခေါက်ရဲ့ ခေါင်းစဉ်ကို ပြန်တည့်ပါဦးမည်။

Offshore ကိုအသုံးပြုရခြင်း၏ အကျိုးမှာ ကုန်ကျစရိတ်မှာ လွန်စွာသက်သာမည် ဖြစ်၏။

အား အိပ်ငိုက်လာပြန်ပြီ။ နောက်နေ့မှ ဆက်ရေးပါဦးမည်။
 

Wednesday, October 17, 2012

Japan Offshore လုပ်ငန်း၏ လက်ရှိအနေအထား

ကျွှန်တော်သည် ဒီပရိုဂျက်မှာ လုပ်လာခဲ့သည်မှာ ၁နှစ်ကျော်ပြီဖြစ်၏။ နော်မှုရာ ရှောကန်းဆိုသည်မှာ ဂျပန်ပြည်ရှိ IT လုပ်ငန်းများတွင် ထိတ်တန်း ကုမ္ပဏီတစ်ခုဖြစ်၏။ Innovation အစရှိသည့် စကားလုံးများအား အသုံးပြု၍ လုပ်ငန်းများအား ရှေ့ဆောင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်၏။ သူ၏ ဝန်ထမ်းများမှာလည်း ဂျပန်နိုင်ငံရှိ ထိပ်သီး တက္ကသိုလ်ထွက် ကျောင်းသားများသာ ဖြစ်၏။ ပြောရမည်ဆိုလျှင် Tokyo University အစရှိသည့် ထိပ်သီးကြီးများသာ။

ကျွှန်တော်တို့ အတူတွဲ အလုပ်လုပ်ရပါသည်။ နော်မှုရာ၏ အောက်တွင်။ သူတို့က Project Management အစရှိသည့် အပိုင်းများအားတာဝန်ယူကာ ဖြစ်လိုသည့် Enterprise System များအားရေးသားခဲ့၏။ ဂျပန်နိုင်ငံ၏ System အတော်များများသည် ပြည်တွင်းမှာ ရေးသားခြင်းမရှိပဲ အကုန်ကျစရိတ်သက်သာစေရန် တရုတ်ပြည်တွင် ရေးသားသည်က များ၏။ အလွန်ထူးချွံသော Tokyo University ထွက် ကျောင်းသားများနှင့် တရုတ်၊များပေါင်းသော အခါ ဘာဖြစ်သနည်း။ အတော်လေးကို စိတ်ပျက်ဖွယ်ကောင်းသော Bug များအား ဖြစ်ပေါ်စေပါသည်။

 ကျွှန်တော်သည် မြန်မာပြည်ကိုပြန်ရန် အတွက် အလုပ်ထွက်စာတင်ထားသည်မှာ ၂လကျော်ရှိပြီဖြစ်သည်။ ကျွှန်တော်တို့ ပရိုဂျက် မံနေဂျာက ၁၁လပိုင်း ကုန်တဲ့အထိတော့ နေပေးပါလို့ ပြောလာတဲ့အတွက် အောင့်သက်သက်ဖြင့် နေနေခဲ့ပါသည်။ တကယ်ဆို ကျွှန်တော့်အလုပ်ကပြီးပြီ ဖြစ်သည်။ Maintenance အတွက် ကျွှန်တော်တို့ ကုမ္ပဏီက လုပ်ချင်တဲ့အတွက် ကူပေးပါလို့ တောင်းဆိုလာတဲ့အတွက် ဆက်နေခဲ့ပါသည်။

အဲ့ဒီမှာအိမ်မက်ဆိုးများကို မက်စေပါတော့သည်။

မနေ့က ကျွှန်တော် အလုပ်နားပါသည်၊ စနေနေ့ အလုပ်သွားရမှာဖြစ်သည့်အတွက်။ ဒီနေ့ အလုပ်သွားသောအခါ Trouble ပေါင်းများစွာက စောင့်နေသည်။ မနက်အလုပ်သွားသည်နှင့် စောင့်မျော်နေကြသည်။ ကျွှန်တော်တို့ System မှာ ပြဿနာပေါ်နေသည်။ ကျွှန်တော်တို့ ရေးထားသော Sub System မဟုတ်။ အားလုံးရဲ့ Maintenance ကို ယူထားတဲ့အတွက် အားလုံးပြဿနာ ကျွှန်တော်တို့ရဲ့ ပြဿနာဖြစ်၏။ အတွေ့အကြုံတော့ရပါသည်။ Trouble Shooting က။ ဒါပေမယ့် အတော်လေးကို အုံးစားပါသည်။

အား အတော်နောက်ကျသွားပြီဖြစ်တဲ့အတွက် အိပ်ပါဦးမည်။ ပြဿနာနဲ့ ဖြေရှင်းပုံများအား နောက်ရက်တွင်ဆက်လက် ရေးသားသွားပါဦးမည်။

တော်သေးပြီ။