နေ့ခင်းခေါက်ဆွဲကျော်စားရင်း
ဝါးပင်စိမ်းစိမ်း တွေ့ကိုတွေ့ရတယ်
ကောင်မလေး
မင်းဆီကို ဖုန်းဆက်မိတယ်
ညနေခင်း
ဘီယာသောက်ရင်း
လမင်းကို တွေ့ရတယ်
ကောင်မလေး
မင်းဆီကို ဖုန်းဆက်မိပြန်တယ်
ည
အိပ်ယာဝင်
မျက်စေ့မှိတ်အိပ်ဖို့ကြိုးစားတဲ့အခါမှာလည်း
ကောင်မလေး
မင်းဆီကို ဖုန်းဆက်မိပြန်တယ်
ကောင်မလေးရေ
အဝေးကနေပြန်လာပါတော့ကွယ်