Tuesday, June 5, 2012

Hello Android

ဒီနေ့ အလုပ်ပြီး အိမ်ပြန်ရောက်တာနဲ့ ကောင်းကောင်းလေး ကွန်ပျူတာ မသုံးတဲ့အချိန်ကို စောင့်ကြည့်ပြီး Android SDK ကို ဒေါင်းလုဒ်လုပ်ပါတယ်။ ပြီးတော့ Eclipse မှာ Plugin ကို အင်စတောလုပ်ပါတယ်။

ပြီးတော့ New Project နဲ့ Android Project တစ်ခုကို တည်ဆောက်ပါတယ်။ အထဲထဲမှာ Activity ကလပ်စ် တစ်ခုကို တွေ့တယ်။

နမှုနာထဲမှာပါတဲ့အတိုင်း TextView အော့ဘဂျက်တစ်ခုကို ခေါ်ယူပြီး၊ အဲ့ဒီနေရာမှာ "Hello Android Application." ဟု ဖြည့်စွက်ရေးသားပါတယ်။

ပြီးတော့ Run As > Android Application ကို Run ကြည့်ပါတယ်။ Android Virtual Device မရှိတဲ့အတွက် ဘာကိုရွေးမလဲဆိုပြီး AVD Manager က ထွက်ပေါ်လာပါတယ်။ သြ AVD မရှိဘူးပဲ။ ဒါနဲ့ AVD တစ်ခုကို New လုပ်ပါတယ်။

ပြီးတာနဲ့ ပြန်ပြီး Run ကြည့်ပါတယ်။



မဆိုးပါဘူး။ နောက်နေ့မှ ဆက်လုပ်ပါဦးမယ်။

No comments:

Post a Comment