Tuesday, January 30, 2018

မန္တလေးရောက် ပထမဟာသ


ဒါကကျွန်တော်တို့ မသိလို့ ခံလိုက်ရတဲ့ ချစ်စရာဟာသလေးတစ်ခုပါ။

၂၀၁၇ခု ဒီဇင်ဘာလတုန်းက မန္တလေး JDC အတွက် အခန်းသွားငှားကြပါတယ်။
ပြန်မည့်ရက် အချိန်နဲနဲပိုနေသေးတာနဲ့ ညနေစာ ထွက်စားခဲ့ကြပါတယ်။

အဝေးကြီးလဲ မသွားချင်တာနဲ့ အနီးအနားမှာရှိတဲ့ အကင်ဆိုင်တစ်ခုမှာ ဝင်စားဖြစ်ခဲ့ပါတယ်။
သူများတွေ စားနေတာကို ကြည့်တော့ မာလာဟင်းကများတယ်။
ဒါပေမဲ့ ခရီးသွားခါနီး မာလာဟင်းစားရင် စပ်တာနဲ့ ဗိုက်နာမှာစိုးလို့ ပြသနာမရှိလောက်တဲ့
ကြေးအိုးကို မှာစားမိပါတယ်။

အဲ့ဒီဆို်င်က ကြေးအိုးဟာ ကြာဇံပြုတ်ဖြစ်နေတာကို တွေ့ရပါတယ်။
မန္တလေးမှာ ကြေးအိုးဆိုတိုင်း စိတ်ချပြီး မစားသင့်ကြောင်း သင်ခန်းစာရရှိခဲ့ပါတယ်။

ဆိုင်ကောင်းတွေရှိမှာပါ။ ဒါတွေကို မသိလို့ ခံလိုက်ရတဲ့ ချစ်စရာဂျင်းလေး တစ်ခု ဖြစ်ပါတယ်။

2 comments:

  1. ကြေးအိုးမဟုတ်ဘဲ ကြွပန်းကန် ဖြစ်နေကြောင်း တွေ့ရှိရပါသည်....

    ReplyDelete
  2. မန္တလေးကြေးအိုးပေါ့။ မြီးရှည်တောင် မန္တလေးမြီးရှည်ဆိုပြီး အသစ်ဖြစ်သွားသေးတာပဲ။ 😀

    ReplyDelete