Sunday, January 1, 2012

၂၀၁၁မှာဘာလုပ်ခဲ့ပြီး ၂၀၁၂မှာ ဘာဆက်လုပ်ဦးမယ်ဆိုတာ

သြော် သည်လိုနဲ့ နှစ်တစ်နှစ် ကူးပြောင်းခဲ့ပြီဖြစ်၏။
၂၀၁၀ခုနှစ်ကစပြီး၊ ပြီးခဲ့တဲ့နှစ်က ဘာလုပ်ခဲ့ပြီး၊ နောက်နှစ်ဘာဆက်လုပ်ဦးမည် ဆိုသည်ကို စဉ်းစားခဲ့မိသည်။
အံ့သြစရာကောင်းလောက်အောင်ပင် ကျွှန်တော်လုပ်ချင်ခဲ့သော အကြောင်းများသည်၊ လေ့လာမည်၊ လေ့လာခဲ့သည်က များပါသည်။
ကျွှန်တော်ကိုယ်တိုင်က လေ့လာခြင်းကို နှစ်သက်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
သည်လိုနဲ့ ၂၀၁၂အရောက်မှာလည်း ဒီနှစ်ဘာဆက်လုပ်မည် ဆိုသည်ကို စဉ်းစားပါဦးမည်။
ဒီနှစ်မှာတော့ လုပ်ဖြစ်ခဲ့သည့်အရာ၊ မလုပ်ဖြစ်ခဲ့ပဲ ဆက်မလုပ်ချင်တော့သောအရာ။
မလုပ်ဖြစ်ခဲ့၍ ဆက်လုပ်ချင်သည့်အရာနှင့် အသစ်ဆက်လုပ်ရန် ဖြည့်စွက်သည့်အရာဟု ခွဲခြားစဉ်းစားကြည့်ပါမည်။

၂၀၁၁တွင်လုပ်ဖြစ်ခဲ့သည့်အရာများ

  • Java SE 7 ကို လေ့လာခဲ့၏။
  • HTML5 ကို အနည်းငယ် ထိတွေ့လေ့လာခဲ့၏။
  • Google Applet Engine for Java တွင် အပလီကေးရှင်း ရေးသားပုံကို လေ့လာခဲ့၏။
  • Java SE 6 ကိ လေ့လာခဲ့၏။
  • JDO ကို လေ့လာခဲ့၏။
  • Jython အကြောင်းကို လေ့လာခဲ့၏။
  • Ajax နှင့် Servlet ဆက်သွယ်အသုံးပြုပုံကို လေ့လာခဲ့၏။
  • Cloudbees တွင် အပလီကေးရှင်း ရေးသားပုံကို စမ်းသပ်ခဲ့၏။

  • အီးဇီးJava အကြောင်းကို ရေးသားခဲ့၏။ (Myanmar IT Pro & Myanmar Java User)
  • အီးဇီးဆာဗလက် အကြောင်းကို ရေးသားခဲ့၏။  (Myanmar IT Pro & Myanmar Java User)
  • အခြေခံ XMLအကြောင်းကို ရေးသားခဲ့၏။  (Myanmar IT Pro & Myanmar Java User)
  • အခြေခံ DTD အကြောင်းကို ရေးသားခဲ့၏။  (Myanmar IT Pro & Myanmar Java User)
  • အခြေခံ XSLT အကြောင်းကို ရေးသားခဲ့၏။ (Myanmar IT Pro)
  • အခြေခံ DOM အကြောင်းကို ရေးသားခဲ့၏။ (Myanmar IT Pro)
  • Java SE 6 နှင့် ပတ်သက်သည့်အရာများကို ရေးသားခဲ့၏။ (Myanmar IT Pro)
  • Java SE 7 အကြောင်းကို ရေးသားခဲ့၏။ (Myanmar IT Pro & Myanmar Java User)
  • Myanmar Java User Group ကို Facebook ပေါ်တွင် စတင်ခဲ့၏
  • Myanmar Java User Blog ကို စတင်ရေးသားခဲ့၏

  • Zaqzaq Desktop အပလီကေးရှင်းကိုရေးသားခဲ့၏။
  • Redfeather ကို ရေးသားခဲ့၏။
  • JZ2UConverter ကို ရေးသားခဲ့၏။
  • BlackSwan ကို ရေးသားဆဲ။

၂၀၁၁တွင် လုပ်ချင်ခဲ့သော်လည်း ဆက်မလုပ်တော့မည့်အရာများ

  • PHP
  • Java 3D
  • OpenGL

၂၀၁၂တွင် ဆက်လုပ်မည့် အရာများ

  • TCP/IP ကို လေ့လာရန်
  • Websocket ကို လေ့လာရန်
  • Java EE 6 ကို လေ့လာရန်

  • အီးဇီး JSP ကို ရေးသားရန်
  • အခြေခံ UML အကြောင်းကို ရေးသားရန်
  • Java SE 7 အကြောင်းကို ဆက်လက် ရေးသားပါမည်
  • အခြေခံ Java အကြောင်းကို ဆက်လက်ရေးသားပါမည် 

၂၀၁၂တွင်လုပ်ချင်သည့်အကြောင်းအရာများ

  • Database အခြေခံ အကြောင်းကို ရေးသားပါမည်
  • Struts Framework အကြောင်းကိ ရေးသားပါမည်
  • Jakens နင့် Maven2 ကို ပိုင်နိုင်စွာ အသုံးပြုနိုင်အောင် ကြိုးစားပါမည်
  • အသုံးပြုနိုင်သော EMP တစ်ခုကို ရေးသားပါမည်
  • မြန်မာနိုင်ငံနှင့် ပတ်သက်သော အလုပ်များကို လုပ်နိုင်ရန် ကြိုးစားပါမည်
  • နောက်နှစ်နှစ် အတွင်းတွင် မြန်မာပြည်ကို ပြန်ဖြစ်ရန် ကြိုးစားပါမည်။

အားလုံးခြုံကြည့်မည် ဆိုလျှင် ၂၀၁၁ခုနှစ်တွင် ငလျှင်ဖြစ်ချင်း အစရှိသည့် အခြေအနေ အမျိုးမျိုးကြုံတွေ့ခဲ့သော်လည်း လေ့လာစရာတွေ၊ ရေးသားဖြစ်တာတွေ၊ စတင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ TCP/IP ကို မလုပ်ဖြစ်ခဲ့ပေမယ့် နောက်နှစ်ဆက်လုပ်ပါမယ်။ PHP ကတော့ လက်လျှော့လိုက်ပြီး Java ဘက်ကိုပဲ ပိုပြီးအားဖြည့်ရန် ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၂မှာတော့ ရေးသားစရာ၊ လေ့လာစရာတွေကို ဆက်လုပ်ရင်း၊ မြန်မာပြည်ပြန်ရန် စီမံကိန်းကိုလည်း ဖြည်းဖြည်းချင်း အကောင်းအထည်ဖော်ရပါမယ်။ နောက်တစ်ခု ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ရန် လိုအပ်ပါလိမ့်မယ်။

No comments:

Post a Comment