Saturday, October 20, 2012

Japan Offshore ရဲ့ လက်ရှိအနေအထား ၂

ပြီးခဲ့တဲ့ တစ်ခေါက်က Japan Offshore ရဲ့ လက်ရှိအနေအထား ဆိုပြီး ခေါင်းစဉ်တက် ပြီးမှ အိပ်ငိုက်လာတဲ့အတွက် ပြီးအောင်မရေးနိုင်ခဲ့။ ဒါကြောင့် ဒီတစ်ခေါက်လည်း အဆိုပါခေါင်းစဉ် နဲ့ပဲ ဆက်ရေးပါဦးမည်။

Japan မှာ Offshore များကိုစတင်လုပ်ကိုင်လာခဲ့သည်မှာ သိပ်ပြီးမကြာသေးပေ။ ကျွှန်တော်ကျောင်းပြီးခါစ ၂၀၀၄ခုနှစ် လောက်တွင်ပင် Offshore လုပ်သမျှ အောင်မြင်တဲ့ ပရိုဂျက်ဟာ မကြားသေးဘူးဟု လူတိုင်း နီးပါး ပြောဆို နေခဲ့ကြ၏။

ပြီးခဲ့တဲ့ ပရိုဂျက်မှာ ဂျပန်နိုင်ငံ၏ အချက်အချာကျသော ဘဏ်တစ်ခု၏ ပရိုဂျက်ဖြစ်၏၊ အဲ့ဒီပရိုဂျက်တွင် ဦးစွာ Offshore များကို တွေ့ခဲ့ရ၏။ ပရိုဂျက်တစ်ခုတွင် များသောအားဖြင့် အဓိက ကုမ္ပဏီ ၄ခု ၅ခုလောက်ပေါင်းပြီး လုပ်ကိုင်နေသည်က များ၏။ Risk Management အတွက် ဖြစ်ပါသည်။ အကယ်၍ ကုမ္ပဏီတစ်ခုခုက မလုပ်နိုင်ရင်တောင် အခြားသော ကုမ္ပဏီများနှင့် ဆက်လက်လုပ်ကိုင် သွားနင်သောကြောင့် ဖြစ်၏။ နောက်တစ်ချက်မှာ Costပိုင်းဆိုင်ရာမှာ အပြိုင်အဆိုင်ရှိစေလိုသော အချက်လည်းပါမည် ထင်သည်။

ပြီးခဲ့တဲ့ တစ်ခေါက်က Japan ကုမ္ပဏီ ၄ ခုအတွင်း IBM သည် Offshore အား အသုံးပြုခဲ့၏။ Analysis နှင့် Design အား ဂျပန်ရှိ IBM က ရေးသားပြီး Coding နှင့် Test အား တရုတ်ပြည်တွင်း ရေးသားစေပါသည်။ Bug တွေများလွန်းသည်ဟု ထင်သော်လည်း Cost ပိုင်းဆိုင်ရာမှာ ဂျပန်မှာရေးသည်ထက် အဆပေါင်းများစွာ သက်သာခဲ့၏။

ဒီတစ်ခေါက် နော်မှုရာအရောက်တွင် Fund လုပ်ငန်းဖြစ်သောကြောင့် ဘဏ်လောက် မတင်းကြပ်သည်မှာမှန်၏။ သို့ရာတွင် အဖွဲ့အားလုံးလိုလို Offshore အား အသုံးပြုခဲ့၏။ အသုံးပြုခဲ့သော Framework ကအစ ကိုရီးယား လုပ် Framework များဖြစ်၏။ သုံးရသည်မှာ အဆင်မပြေခဲ့သော်လည်း အမြင်ပိုင်း ဆိုင်ရာမှာ မဆိုးလှပါ။ အသုံးပြုသူသည် အတွင်းပိုင်းမှာ ကောင်းကောင်း မကောင်းကောင်းသူ စိတ်မဝင်စားပါ။ ကြည့်လိုက်ရင် လှပလန်းဆန်းနေဖို့ပဲ လိုအပ်ပါသည်။ Transaction, Peek Connection, Performance နှင့် Reusable အစရှိသည့် စကားလုံးများအား စိတ်မဝင်စားပါ။ ကုန်ကျစရိတ်သက်သာပြီး လှပဆန်းသစ်နေရင် သွားဖြီးသွားမည် ဖြစ်သည်။

ဘာပဲပြောပြော အသုံးပြုသူ အကြိုက်ကို ရေးသားနိုင်ဖို့သာ အရေးကြီးပါသည်။ ပါးနပ်သော Developer ဆိုပါက အသုံးပြုသူအား နားလည်အောင် ရှင်းပြ၍ အကောင်းဆုံးကို ရေးသားသွားမည် ဖြစ်သည်။ သို့ရာတွင် လက်တွေ့မှာ အလွန်ခဲရင်းပါသည်။ စကားဝေးသွားပြန်ပြီ။ ဒီတစ်ခေါက်ရဲ့ ခေါင်းစဉ်ကို ပြန်တည့်ပါဦးမည်။

Offshore ကိုအသုံးပြုရခြင်း၏ အကျိုးမှာ ကုန်ကျစရိတ်မှာ လွန်စွာသက်သာမည် ဖြစ်၏။

အား အိပ်ငိုက်လာပြန်ပြီ။ နောက်နေ့မှ ဆက်ရေးပါဦးမည်။
 

No comments:

Post a Comment