Pages

Tuesday, January 3, 2012

လေသံဖမ်း တရားနာခြင်း

ဒီတစ်ခေါက် ရေးသားမည့် အကြောင်းသည် Java နဲ့ သိပ်မပတ်သက်ပါ။ Rich Client Application များနဲ့ပတ်သက်ပါသည်။ အားလုံး သတိထားပြီး ဖြစ်ပါလိမ့်မည်။ Flash, Flex, Ajex, Silverlight နဲ့ သိပ်ပြီး ခေတ်မစားခဲ့ပေမယ့် ကြိုးစားနေဆဲဖြစ်သော Java FX ဒါတွေအားလုံးဟာ Rich Client Interface Application များအတွက် အသုံးပြုနိုင်သော နည်းပညာများဖြစ်ကြပါသည်။

ကွန်မြူနတီဂိမ်းများကို အစပြု၍ ကြည့်ရင်းကြည့်ရင်း အင်အားကြီးလာတာကို တွေ့ရပါတယ်။ တဖန် iPhone ကို အစပြုပြီး Android နှင့် Windows Phone ဆိုပြီး Client ပိုင်းဆိုင်ရာ အပလီကေးရှင်းများကို အသုံးပြုနိုင်တဲ့ နယ်ပယ်တွေလည်း တဖြည်းဖြည်း များပြားလာပါတယ်။ မည်သူမဆို လွယ်လင့်တကူ အပလီကေရှင်းများကို ရေးသားနိုင်ပြီး ဈေးကွက်ထဲမှာရော၊ မှောင်ခိုထဲမှာပါ ဆော့ဖ်ဝဲပေါင်း များစွာထွက်ပေါ်လာကြပါတယ်။

ဒါပေမယ့် ကျွှန်တော်စဉ်းစားမိတာ ဒီနည်းပညာတွေကို အလုပ်လုပ်စေရန် ပလတ်ဖောင်းကို လိုအပ်ပါတယ်။ ပလတ်ဖောင်းတစ်ခု အတွက်ရေးသားထားတဲ့ အပလီတစ်မျိုးဟာ နောက်ပလတ်ဖောင်းမှာ အလုပ်မလုပ်နိုင်ပါဘူး။ နောက်ပလတ်ဖောင်းပေါ်မှာ အသုံးပြုနိုင်ရန် နောက်တစ်ခါ ပြန်ရေးရပါမယ်။ ဘယ်လောက် စိတ်ပျက်စရာကောင်း သလဲ။ အရင် ဘရောင်ဇာစစ်ပွဲတွေကြောင့် Ajax မော်ဂျူးတွေ အမျိုးပေါင်းများစွာ ထွက်ပေါ်ခဲ့ဘူးပါပြီ။ လမ်းဟောင်းကြီးကို ဆက်လှမ်းနေပြန်ပြီဟု ကြည့်နေခဲ့မိပါသည်။


ဒါပေမယ့် အခုတစ်လော ဒီလမ်းဟောင်းကြီး မကြာခင် ပြီးတော့မည်ဟု ယုံကြည်လာရန် အကြောင်းများကို တွေ့ခဲ့ရပါသည်။ HTML5 ဖြစ်၏။ Tag များကို ဖြည့်စွက်ရုံမက API ကိုလည်း ဖြည့်စွက်လာပါသည်။ ယခင်က ဘရောင်းဇာပေါ်တွင် Animation ကို ရေးရန် Flash, Java, Silverlight အစရှိသည့် ပတ်ဝင်းကျင်ကို ပြင်ဆင်ထားရန်လိုအပ်ခဲ့၏။ တဖန် ပုံရိပ်များကို ရေးသားရန်ဆိုရင်လည်း jpg, gif, png အစရှိသည့် ဖိုင်များကို အသုံးပြုရန် လိုအပ်ခဲ့၏။ Vedio ကို ပြဿရန် Flash Player ကို လိုသည်ဟု ယခုထိ ထင်နေသူများရှိခဲ့၏။ HTML5 တွင် အဆိုပါ အကြောင်းအရာများကို ဘာပလတ်ဖောင်းမှမလိုပဲ ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။ တဖန် ကွန်တရိုးများကိုလည်း ရင်းနှီးပြီးဖြစ်သော javascript ဘာသာရပ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်၏။

တဖန် HTML Tag အစိတ်အပိုင်းများကိုလည်း CSS3 ကို အသုံးပြုရုံဖြင့်၊ လိုအပ်သလို ဒီဇိုင်းများကို ရေးဆွဲလာနိုင်မည်ဖြစ်၏။ ယနေ့ RIA အပလီများကို ဘာပလတ်ဖောင်းမှ သုံးစရာမလိုပဲ HTML5, CSS3 နှင့် Javascript ဖြင့် ရေးသားနိုင်မည် ဖြစ်၏။ ထို့အပြင် HTML5 ကို ပံ့ပိုးပေးနိုင်သော ဘရောင်ဇာကို အသုံးပြုထားပါက ကွန်ပျူတာပေါ်မှာဖြစ်ဖြစ်၊ iPhone ပေါ်ဖြစ်ဖြစ်၊ Android ပေါ်ဖြစ်ဖြစ်၊ iPad ပေါ်ဖြစ်ဖြစ်၊ Tablet ပေါ်ဖြစ်ဖြစ်၊ သြော်မေ့လို့ windows phone ပေါ်မှာပါ တစ်ခါရေးရုံနှင့် အလုပ်လုပ်နိုင်မည် ဖြစ်သည်။ 

HTML5 သုံး Graphical User Interface အဲဒီတာများသာ ပေါပေါလောလော ထွက်ပေါ်လာပါက၊ အခြားသော RIA များ အလိုလို ပျောက်သွားလိမ့်မည် ဟု ထင်ရပါသည်။ HTML5, CSS3 နှင့် Javascript များကို လေ့လာထားရန် လိုအပ်သည်ဆိုသည်မှာ မှားမည် မဟုတ်ပေ။ 

No comments:

Post a Comment