ကျွှန်တော်သုံးနေသော ဖုန်းသည် Android ဖြစ်၏။ ကျွှန်တော်သည် Java ပရိုဂရမ်မာ တစ်ဦးဖြစ်၏။ Android ပေါ်ခါစက လေ့လာရန် စဉ်းစားခဲ့သော်လည်း မလုပ်ဖြစ်ခဲ့။ Android သည် ဖုန်းတစ်လုံးသာဖြစ်ပြီး၊ ဒီကောင်ပေါ်မှာ လုပ်နိုင်တဲ့အလုပ်ဟာ သိပ်ရှိမှာမဟုတ်ဘူး၊ ပြီးတော့ အခြားသော Java တွေက ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အတွက် Android ကို လေ့လာတဲ့အထိ မရောက်ခဲ့ပါ။
ဒီနေ့ Android Play ဈေးကွက်ထဲက မြန်မာ ဘရောင်းဇာတစ်ခုကို ဒေါင်းလုဒ်လုပ်ခဲ့ပါသည်။ ဇော်ဂျီကုဒ်ကို ဒီအတိုင်းကြည့်လို့ရပါသည်။ မြန်မာယူနီကုဒ်ကို ကြည့်မရပါ။ အတော်လေးကို တင်းသွားပါသည်။ ဘယ်သူမှ ရေးမထားရင် ငါရေးမယ်ဆိုပြီး။ ဒါပေမယ့် အခုကစရပါမည်။ လော်လောဆယ်တော့ ရှိပြီးသား ပရိုဂျက်အဟောင်းများကို လိုက်ပြီး ရှာဖွေပါဦးမည်။
မြန်မာယူကုဒ်ကို နေရာတကာမှာ အသုံးပြုနိုင်ရေးသည် ကျွှန်တော်တို့အားလုံး အရေးဖြစ်ပါသည်။
ဟိုအကြောင်း ဒီအကြောင်းများကို ရေးသားထားပါသည်။ ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသား အလွတ်ပရိုဂရမ်မာ တစ်ယောက်၏ အသက် သွေးချွေးများဖြင့် ရင်းနှီးထားသော အတွေ့အကြုံများ ဖြစ်ကြ၏။ တစ်ခါတရံ ညည်းတွားသံများနှင့် ပြည့်နှက်ချင် ပြည့်နှက်နေပေမည်။ ဝမ်းမြောက်ခြင်းဖြင့် ထုံသင်းနေသည့်အခါလည်း ရှိမည်။ ဒါမှမဟုတ် ထွေရာလေးပါးလည်း ဖြစ်ချင်ဖြစ် ပေမည်။ ရသလည်း မြောက်ချင်မှမြောက်ပါလိမ့်မည်။ စိတ်ထဲရှိသမျှကို ရေးသားထားပါသည်။
Subscribe to:
Post Comments (Atom)
.jpg)
yep, yep your right, Bro
ReplyDeleteSoeThi
Yes Ko Soe Thi. Java 2D can't display Complex Asian Unicode. It is a famous bug of Java Platform. So that Myanmar Unicode font can't display well on Java Platform. Eclipse or some other Open Office can display Myanmar Unicode as they use native Platform. We should try this bug.
ReplyDelete